-->

ဆရာဘလော့ခ်များအားကိုလင်းမှကျေးဇူးအထူးတင်ရှိပါသည်

လုပ်သားပြည်သူအပေါင်းအား လေးလေးနက်နက် ပန်ကြားခြင်း


လူငယ်တော်တော်များများသည် ပြောခွင့်ကြုံရသော အချိန်တွေ အများကြီးရှိခဲ့ပါသည်။ ထိုသို့ မြင်သောအကြောင်း အားလုံးမှာ ကြိုတင် ကာကွယ်ခြင်းထက် ဖြစ်နိုင်လျှင်ဖြစ်နိုင်၏။ မဖြစ်နိုင်လျှင် မဖြစ်နိုင်ဘူးဟု ပြတ်ပြတ်သားသားနှင့် ပြောဆိုခြင်းပင် ဖြစ်ပါသည်၊ စောင့်ကြည့် ခြင်း၊ ဒါတွေက ဒီလိုရှိတယ်၊ ဒါတွေက ဟိုလိုရှိတယ်၊ နိုင်ငံရေးကို ဒီလိုလုပ်လို့မရဘူး၊ ဘာဘူး၊ ဘာဘူး ဆိုတာတွေ၊ သမိုင်းနဲ့ အခြေအ နေက ဘယ်လို၊ ခေတ်ရေစီးကြောင်းက ဘယ်လို၊ ပြုပြင်ပြောင်းလဲရေး၊ကိုယ်လုပ်ဆောင်သွားကြသော ဟိုနိုင်ငံတွေ၊ ဒီနိုင်ငံတွေရဲ့ လုပ် ဆောင်ချက်ကဒီလို၊ အစအစသဖြင့်၊ ဝေဖန်ရေးတွေ သုံးသပ်ချက်တွေကြားမှာ လက်ပစ်ကူးရင်း ရာစုများစွာ ရှိနေခဲ့တာကို ကြည့်ရင်း သက်ပြင်းမောတွေ များလာကြတာကတော့ ပြည်တွင်းမှာရှိသော တက်ကြွလူငယ်၊ လူကြီးတွေတော်တော်များ၊ ပြည်ပတွင်ရှိသော တက် ကြွလူငယ်၊ လူကြီးတော်တော်များများမှာ ရှိနေမှာကတော့ အသေအချာပါ။

ကျွန်တော်မြင်တာကတော့ အားလုံနဲ့ ဆန့်ကျင်ဘက်တွေ ဖြစ်နေနိုင်သလို၊ သိပ်ပြီးနုစိတ်ဆန်သော အကြောင်းရာ တစ်ခုမှသိပ်မရှိပါ၊ ဘာ လို့လဲဆိုတော့၊ ရတယ်၊ မရဘူး၊ ကြိုက်တယ်၊ မကြိုက်ဘူး၊ ရှင်းနေလို့ပါ၊ ဒီနေရာမှာက ဒီတက်နဲ့လှော်၊ ဟိုနေရာကိုဟိုတက်နဲ့လှော် ဆို သောနိုင်ငံရေးဥပဒေသထက် နိုင်ငံရေးကစားကွက်ကိုလည်း ၀င်မပါချင်သလို၊ နိုင်ငံရေးကစားခြင်းကိုလည်း ပြတ်ပြတ်သားသား တုံးတိ ဖြတ်တောက်ချင်တာလည်းပါဝင်ပါသည်။

ကျွန်တော် လိုရင်းတိုရှင်းကို ပြောချင်တင်ပြချင်သည်မှာ ၁၉၉၀ ရွေးကောက်ပွဲကို လုံးဝလုံးဝမယုံပါ။ ဘာကြောင့်လည်းဆိုတာကို ပြောရန် တစ်ခုတည်းသောအဖြေမှာ စစ်တပ်က ပြောဆိုလုပ်ကိုင်ခြင်း ဖြစ်လို့ပါဟု လွယ်လွယ်ကူကူဘဲ အဖြေပေးပါရစေ။ (အဲဒီအချိန်တုံးကတော့..
ရှည်ဝေးသောအကြောင်းတွေ၊ ရှင်းပြချက်တွေ၊ ကိုးကားချက်တွေကို ပြောဆိုပြီး တင်ပြလည်း နောက်ဆုံး အဖြေနှင့်ရလဒ်မှာ မယုံကြည် ခြင်းဆိုတာကို ကိုးကားပြောဆိုခဲ့တာပါ။ အဲ .. တစ်ခုတော့ရှိပါသည်။ ရှင်းပြ၊ ကိုးကားပြောဆို၊ ထောက်ပြခြင်းကြောင့်၊ နားလည်သွားကြ သည်မှာ မသိသေးသော အတွင်းရေးအကြောင်းများကို ဘယ်လိုရှင်းခဲ့ကြသည်ကို သိသွားကြသည်သာဖြစ်ပါသည်။)

မည်သို့ပင်ဆိုစေကာမူ အားလုံးသောသူ တော်တော်မျာများမှာ လွယ်လွယ်ကူကူနှင့်တော့ ဟုတ်တယ်၊ ကျွန်တော်တို့အားလုံး ဒါဆိုမလုပ် တော့ဘူး ဆိုတာတော့မဟုတ်ပါဘူး၊ ကျွန်တော်တို့ ဒီလိုတွေတင်ပြမယ်၊ထောက်ပြမယ်၊ ကမ္ဘာကလည်းသိတာဘဲ၊ ကုလသမဂ္ဂလည်းရှိတာ ဘဲ၊ ဒီလောက်တော့ စစ်တပ်ကမလုပ်နိုင်ပါဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ သို့သော်လည်း ၁၉၉၀ ရွေးကောက်ပွဲကို အသာလေးခေါက်ပြီးတော့ လုပ်ချင်ရာကို လုပ်သွားခဲ့တာကို အနှစ်၂၀ ရှိသွားခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ပြည်သူအားလုံးကို သဘောတူတူ၊ မတူတူ၊ ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ ရိုင်းရိုင်းစိုင်းစိုင်းပါဘဲ။ ကုတင်ပေါ်ခေါ်ပြီး ဆက်ဆံသွားကာ ၄င်းတို့ စိတ်ဆန္ဒပြည့်မြောက်အောင် လုပ်ဆောင်ခြင်းနှင့် လုပ်ဆောင်ပေးခံရခြင်းဟုသာမြင်ပါသည်။


ယခုလည်းလာပါပြီ။ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၀၈ မေလ။ အခြေခံဥပဒေ၊ ဟိုဟာ၊ ဒီဟာဆိုသော တင်ပြချက်တွေ၊ ထောက်ပြချက်တွေ အ မြင်တွေ များလိုက်တာ ဝေေ၀ဆာဆာပါဘဲ၊ ကျွန်တော်မြင်တာကတော့ အားလုံးမှာ ဇတ်ကားတစ်ကားကို မတိုက်ဘဲ အလိုလျှောက်ဝိုင်းပြီး ညီတူမျှတူ ရေးဆွဲနေသည်ဟုပင် ထင်ရအောင်ကို ဖြစ်သွားနေရပါသည်။

အဲဒီအကြောင်းအရာကို ပထမဆုံး လုပ်ဆောင်နေကြသော၊ တော်လှန်ရေးကို ကြာရှည်အောင် လုပ်နေကြသောသူမှာ မြန်မာနိုင်ငံမှ စစ် တပ်နှင့်၎င်းတို့၏ အသိုင်းဝိုင်း တစ်စုလုံးဖြစ်ပါသည်။ ထိုမှတဆင့်တတ်၍ပြောသော နောက်ထပ် ၄င်းတို့နှင့် အသိုင်းဝိုင်းမဟုတ်သော၊ အ သိုင်းဝိုင်းဟုပင် မခေါ်ရနိုင်လောက်သော သူတွေကတော့ဆင်ခြေရှင် မြန်မာ့နိုင်ငံရေးကို လုပ်နေကြသော ပြည်တွင်းပြည်ပ ခေတ်ဆွေး နိုင်ငံရေးသမားတွေ၊ ပြည်တွင်း၊ ပြည်ပဟိုမကျ၊ ဒီမကျ နိုင်ငံရေးသဘောထား မကြေလည်သောအဖွဲ့တွေတိုင်းမှာရှိသော နိုင်ငံခေါင်း ဆောင်ဆိုသူတွေ၊ ပညာရှင်တွေ၊ စစ်ရေးဆိုတာကို၎င်း၊ မြန်မာ့နိုင်ငံရေးရာကို၎င်း လေ့လာနေပါသည်၊ သုတေသနပြုနေပါသည်ဟုဆိုသော၊ ကျွမ်းကျင်သူဆိုသူသော မြန်မာလူမျိုးများနှင့် ဖော်လံဖားနိုင်ငံခြားသားများနှင့် ၄င်းတို့၏ နိုင်ငံအတွက်ဘဲ သေသေချာချာ အကွက်ချပြီး ကြည့်တတ်ကြသော နိုင်ငံခေါင်းဆောင် အသီးသီးများတို့ပင်ဖြစ်ပါသည်။

ထိုသို့လုပ်ဆောင်ရန် ၀ိုင်းဝန်းပို့ဆောင်သူများကိုသော်၎င်း၊ အခင်းအကျင်းကို ယူဆောင်သူတွေကို အရင်ကတော့ခွဲခြားပြီးတော့ မြင်ကြည့် ပေးပါသည်၊ သို့သော် ယခုတော့ မမြင်နိုင်တော့ဘူးဟု ပြတ်ပြတ်သားသားပင် ပြောရတော့ပါမည်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၀ ဆိုတာ လည်း မလိုချင်တော့ပါ၊ နောင်သုံးလတွင် ကျင်းပမည်ဟု ပြောထားသော ဆန္ဒခံယူအတည်ပြုခြင်းလည်း ထည့်ပြီး စကားမပြောချင်တော့ပါ။

မြန်မာနိုင်ငံတွင်နေထိုင်ကြသော၊ တိုင်းရင်းသားအားလုံး၊ ဘာသာအားလုံး၊ လူမျိုးအားလုံးသည်၊ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း၊ ဥပဒေစိုးမိုးခြင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှု ထွန်းကားခြင်းကိုရလိုချင်သည်၊ ပြည်သူအာဏာနှင့် ပြည်သူကတင်မြှောက်သော ပါလီမန်ဒီမိုကရေစီ အစိုးရပေါ်ထွန်းဖို့ရာမှာ တစ်ခုတည်းသာရှိပါသည်၊ ၄င်းမှာပြည်သူအပေါင်း ပြတ်ပြတ်သားသားနှင့် လမ်းမပေါ်ဆင်းကာ စစ်တပ် အစိုးရကို ဖြုတ်ချပြီး ပြည်သူ့ကြားဖြတ်အစိုးရကိုသော်၎င်း၊ ၁၉၉၀ ပြည့်တုံးက ပြည်သူတွေကနေ ပြည်သူတွေကိုယ်တိုင် တင်မြှောက်ထားသော ကိုယ်စားလှယ်တွေကနေ ပြန်လည်တင်မြှောက်သော ဦးဆောင်ကော်မတီမှာ တိုင်းပြည်အစိုးရအဖြစ် အုပ်ချုပ်နိုင်အောင် ၀ိုင်းဝန်း လုပ်ဆောင်မှသာလျှင် ကျွန်တော်တို့လိုလားသော အစိုးရတစ်ရပ်ကို ရမည်ဟု ယုံကြည်သည်။ ထိုမှလွဲပြီး မည်သို့သော အကြောင်းမှ စစ်တပ်ကို ၄င်းတို့၏ နေရာမှန်ကို ပြန်သွားခြင်းမရှိဘဲ အကြောင်းမျိုးများစွာကို ကြည့်နေမည်၊ တွေနေဦးမည်ဆိုပါက ကျွန်တော်တို့နိုင်ငံတွင် မည်သို့သောအခါမှ စစ်အာဏာရှင်အောက်မှ လွတ်မြောက်နိုင်ခြင်း မရှိသည့်အပြင်၊ ဆိုးဝါးသော လူမှုရေးပြောင်းလဲခြင်းနှင့် ယဉ် ကျေးမှုပြောင်းလဲ နှိမ့်ကျခြင်းအပြင် ယခုတွေ့ကြုံရသော အခြေအနေထက် အဆ ၁၀၀ ဆိုးသော အခြေအနေသည် ကျွန်တော်တို့၏ မျိုးဆက်တို့ ခံစားရမည်မှာ အသေအချာဖြစ်ပါသည်ဟု ယုံကြည်ပါသည်။

လူငယ်တွေကော၊ ကျွန်တော်တို့အားလုံး အလွန်ကိုသတိထားပြီးတော့ လုပ်ရမည့်အချက်ကတော့ ကျွန်တော်ပြောသည်မှာ မှားသည်၊ မှန် သည် ခံယူသူပေါ်မှာသာမူတည်ပါသည်။ ဘာကြောင့်လဲဆိုတော့၊ ကျွန်တော်၏အမြင်သာ ဖြစ်သောကြောင့်ဖြစ်ပါသည်၊ တူလျှင်လည်း ထို အကြောင်းကို လုပ်ဆောင်ရန် မိတ်ဆွေဖြစ်သကဲ့သို့၊ မတူညီလျှင်လည်း ဒီမိုကရေစီပန်းတိုင်ကို လျှောက်သော၊ အသွင်မတူသော မိတ် ဆွေအနေနှင့်သာရှိပေမည်။

စိုင်းမွန်

Email this post


 

Design by Amanda @ Blogger Buster